People come here for
Knowledge, Entertainment, Products, Online profit

Saturday, February 23, 2019

ကိုယ့်ရဲ့ Telegram အကောင့်တွေကို အခြားသူမသုံးအောင် ကာကွယ်နည်း

ဒီနေ့မှ ကျွန်တော်တစ်ခု ကြုံလိုက်ရတာလေးကို တွေ့လို့ ဆက်စပ်စဉ်းစားမိပြီး ဒီပို့စ်လေးကို ရေးတင်လိုက်ရတာပါ။ အခန့်အသင့်ရင် ကိုယ့်ရဲ့အကောင့်ထဲကနေပါ ငွေထုတ်သွားတာများတွေဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ Text Now application ကို သုံးပြီးတော့ Telegram အကောင့်တွေအများကြီးလုပ်ကြတယ်ဆိုတာ လူတိုင်းသိမှာပါ။အဲ့ဒီဖုန်းနံပါတ်တွေက အချိန်တန်ရင် ကျွန်တော်တို့အတွက် Expire ဖြစ်သွားပါတယ်။

အဲ့လိုအချိန်ကျရင် အခြားတစ်ယောက်က Text Now မှာ အကောင့်လျှောက်ရင် ကျွန်တော်တို့ရဲ့ Telegram ဖွင့်ထားတဲ့ ဖုန်းနံပါတ်တွေ ပါသွားတတ်ပါတယ်။ ပါလည်းပါပါတယ်။ တစ်ခါတစ်လေ အကောင့်ဖွင့်ရင် သူများသုံးပြီးသားတွေ ရတာမျိုးတွေ အများကြီးရှိကြမှာပါ။ အဲ့လိုမဖြစ်အောင်လို့ 2 step ခံထားဖို့လိုပါတယ်။ အောက်ကပုံမှာဆိုရင် ကျွန်တော် အကောင့်နာမည်တွေကို 1 ကနေ 18 အထိ နာမည်ပေးပြီး ဖွင့်ထားတာပါ။ ဒါပေမယ့် အကောင့် ၉ ခုလောက်ပဲ ကျန်ပါတော့တယ်။ ဒါက သူများက ကိုယ့်ထဲကအကောင့်တွေကို ယူသုံးသလိုဖြစ်သွားတာပါပဲ။ 2 Step ခံထားမယ်ဆိုရင်တော့ ဒီလိုမဖြစ်တော့ပါဘူး။ Telegram က OTP Code ကျတောင်မှ 2 Step Password ထပ်တောင်းမှာပါ။ အဲ့ဒါကို မမှတ်မိရင် အကောင့်ကို ၀င်လို့မရပါဘူး။ ကိုယ့်ကိုယ်တိုင်လည်း ကိုယ့်ရဲ့ Password ကို မမေ့အောင် လုပ်ထားကြပါ။
ကိုယ်လုပ်ချင်တဲ့အကောင့်ရဲ့ Setting>Privacy and Security >Two Step Verification ကို သွားပြီး တစ်ဆင့်ချင်းစီလုပ်သွားပါခင်ဗျာ။ အောက်မှာ ပုံနဲ့လည်း ပြထားပါတယ်။







0 comments:

Post a Comment

 
Share to: